ကျွန်တော်တို့ မြန်မာတွေ တီစီကို ရူးရူးမူးမူးဆော့ကြတာ လူတိုင်းအသိပါ။
ရူးရူးမူးမူးဆော့သလောက်လဲ ပြောင်မြောက်ကြပါပေတယ်။
ဒါပေမယ့် လူနည်းစုတစ်ချို့လောက်ပဲ သေချာနားလည်ပြီးတော့ လူအများစုက ယေဘုယျကစားတတ်ရုံပဲ ဖြစ်နေတာ တွေ့ရတယ်။
ဒါကြောင့် ကျွန်တော်သိတဲ့ ကျွန်တော်ကိုယ်တိုင်လဲ ကစားနေကျ တီစီကစားပုံ (မာလ်တီမဟုတ်) ကို နည်းနည်းမျှဝေချင်ပါတယ်။
နိဒါန်း
- တီစီအကောင့်တစ်ခု စဖွင့်ပြီဆိုတာနဲ့ ကိုယ့်အကောင့်လေးကို သံယောဇဉ်ရှိသွားတာ တီစီကစားသမားတိုင်းရဲ့ ခံစားချက်တစ်ခုပါပဲ။
- သံယောဇဉ်ရှိတာနဲ့အမျှလဲ ကိုယ့်အကောင့်လေးကို ဂျွတ်ချင် ကြမ်းချင်ကြတာ ဘယ်ဆန်းမလဲဗျာ။
- ဒါပေမယ့် Rule မညီတာတွေ အသုံးပြုပြီး Cheat လုပ်ပြီး ဂျွတ်တော့ ဆော့အလကားကြီးဖြစ်ပြီး Federal Jail ကျကုန်ကြတာပေါ့။
- ဒါကြောင့် တတ်နိုင်သလောက် (တကယ်တတ်နိုင်သလောက်) Rule နဲ့ မငြိအောင် အကောင်းဆုံးဘယ်လိုဆော့ကြမယ်ဆိုတာလေး ပြောပြပေးမယ်။
ပထမအဆင့် (ကလေးဘဝပေါ့)
- အကောင့်လေးတစ်ခုစဖွင့်မယ် (ကိုယ့်ရဲ့ မိန်းအကောင့်လေးပေါ့)။
- အကောင့်ဖွင့်ဖွင့်ချင်းလိုအပ်တာတွေကတော့ နေစရာအိမ်ကောင်းကောင်း၊ ဒိုနေတာပက်၊ နေတိုင်းသုံးဖို့ ဆေးနဲ့ ပွိုင့်တွေပါပဲ။
- ဒါတွေကို Rule နဲ့ မငြိအောင် ဘယ်လိုထောက်ပံမလဲဆိုတာ ရှင်းပြပေးပါမယ်။
- ပထမဆုံး နေစရာအိမ်ကို ရှိပြီးသား သူငယ်ချင်း (သို့) ကိုယ့်ရဲ့ တစ်ခြားအကောင့်လေးနဲ့ ယူပြီးထောက်ပံ့လို့ရပါတယ်။
- ဒုတိယအနေနဲ့ ဒိုနေတာပက်။ ဒါကတော့ ရှယ်ယာပေးလို့မရတဲ့အတွက် ပို့ပေးမှပဲ အဆင်ပြေပါတယ်။ ပို့တဲ့အခါမှာ ဟန်းတင်းမဟုတ်သော မာလ်တီအကောင့်တွေကနေ ငွေလွှဲထားခြင်းမရှိသော ငွေဖြူငွေသန့် (ခေါ်) ကိုယ်တိုင်ရိုးရိုးသားသားရှာထားတဲ့ငွေနဲ့ ဝယ်ပေးတဲ့ ဒိုနေတာပက်ဆိုရင် Federal Jail မကျနိုင်ပါဘူး။
- တတိယကတော့ ဆေး နဲ့ ပွိုင့်တွေပါပဲ။ အဲတာတွေက အခုဆိုရင် ဖက်ရှင်ကနေယူသုံးလို့ရနေပါပြီ။ အဲဒီအတွက် ဘာပြသနာမှမရှိပါဘူး။ အဲလိုအထောက်အပံ့မရှိရင်တော့ လယ်ဗယ် ၁၅ ရောက်တဲ့အခါ ကိုယ်တိုင်ပန်းသယ်ပြီး သုံးရမှာပါ။
- အဲဒီ အခြေခံ ၃ ခု ပိုင်ဆိုင်သွားပြီဆိုရင်တော့ Battle Stats ကျင့်ဖို့ လုံလောက်သွားပါပြီ။
- ထပ်ပြီး ကွန့်နိုင်တာကတော့ Steadfast ကောင်းတဲ့ Faction မှာနေမယ်။ သုံးနိုင်သလောက် DVD & FHC တွေသုံးမယ်။
- အဲလို Luxury ခေါ် ဇိမ်ခံအဆင့်တွေပါလုပ်နိုင်ရင် အကောင့်က ပိုကြမ်းတာပေါ့ဗျာ။
- Battle Stats ဘာအတွက်ကျင့်လဲဆိုတော့ Attacking အတွက် ကျင့်ပါတယ်။
- မြန်မာအများစုဟာ လူရိုက်ရမှာ အလွန်နှမြောပါတယ်။
- ကလေးဘဝမှာ Mugging လုပ်နိုင်တဲ့ Battle Stats ရောက်အောင်ကျင့်ပြီးရင် လူရိုက်ပြီး ငွေလုရပါမယ်။
- လူရိုက်နိုင်တဲ့ ပျမ်းမျှ Battle Stats ဟာ Strength 100m + Speed 100m ဖြစ်ပါတယ်။
- အဲဒီ Stat ကိုရောက်တဲ့အခါမှာ ကလေးဘဝကနေ လူကြီးဘဝ ဝင်လာပါပြီ။
ဒုတိယအဆင့် (လူရမ်းကားဘဝ)
- တီစီဟာ Crime Game ဖြစ်ပါတယ်။ Gym ကျင့် ငွေရှာသက်သက်ဆိုရင် ပျော်စရာမကောင်းပါဘူး။
- ဒါကြောင့် ကလေးဘဝကနေ လူလတ်ပိုင်း လူရမ်းကားဘဝလေးကို ဘယ်လိုဖြတ်သန်းမလဲ ဆက်ပြီး ပြောပြပါမယ်။
- သင့်ကလေးလေးရဲ့ Battle Stats ဟာ အထက်မှာ ပြောထားတဲ့ အခြေအနေလေးကို ရောက်ပြီဆိုရင် သင်ဟာ လူရမ်းကား လူမိုက် လူစွာ လုပ်လို့ရပါပြီ။
- ဒီအသက်အရွယ်မှာ Battle Stats ကျင့်တာနဲ့ ငွေရှာတာဟာ အချိုးတူ အရေးကြီးပါတယ်။
- ငွေရှိရင် FHC ဝယ်သုံးလို့ရပါတယ်။ FHC တစ်စောင်ဟာ အချိန် ၅ နာရီနဲ့ ညီမျှပါတယ်။
- ဒါကြောင့် ငွေရှာကောင်းသူတွေဟာ တစ်နေ့မှာ သူများထက် နာရီ ၂၀ အပိုရပါတယ်။
- ငွေရှာပုံရှာနည်း အများကြီးရှိပါတယ်။
- Trading, Stock Market, Mugging, Blackjack, Poker, Bookie, etc တွေပါပဲ။
- ကိုယ်သန်ရာ သန်ရာနဲ့ ရှာနိုင်ပါတယ်။ အရေးကြီးတာကတော့ လောဘမကြီးဖို့ပါပဲ (အဲတာကလဲ ကိုယ်တိုင်တောင် လုပ်ဖို့ခဲယဉ်းပါတယ် အဟီး)
- အလွယ်ဆုံးငွေရှာနည်းကတော့ Mugging ပါ။ သူက အင်နာဂျီကလွဲပြီး ကိုယ်အတွက် အရှုံးမရှိပါဘူး။
- Mugging အတွက်ကတော့ ပိုးပိုးရေးထားတဲ့ Advanced Mugging အကြောင်းကို ဖတ်ကြည့်လိုက်ပါ။
- လူရမ်းကားဘဝမှာ ကျန်တဲ့ Stat နှစ်ခုဖြစ်တဲ့ Dex & Def ကို ဆက်ပြီးဆွဲတင်ပါမယ်။
- Dex ကတော့ လူရိုက်ရင် Someone ပေါ်မယ်။ ကိုယ့်ကိုလာရိုက်ရင် Defend Win လေးတွေရမယ်။
- Def ကတော့ ကိုယ်က သူများကိုသွားရိုက်ရင် Damage Block တဲ့အတွက် Mugging & Chaining မှာ သာပါတယ်။
- အဲဒီ Stat နှစ်ခုထဲက တစ်ခုကို 500m (or) 750m ကိုဆွဲတင်ပြီးသွားတဲ့အချိန်မှာ လူကြီးပိုင်းဘဝကို ရောက်ပါတယ်။
တတိယအဆင့် (လူကြီးပိုင်း ခေါ် အငမ်းမရ ငတ်ကြီးကျတဲ့အရွယ်ပေါ့)
- အင်နာဂျီအကုန်သုံးပြီး တစ်နေ့တာ Gym ကျင့်တာ ပျမ်းမျှ 3.5m လောက်တက်ပါတယ်။
- အဲလိုမသုံးပဲ ငွေလုပြီး Stat Enhancer သုံးနိုင်တဲ့သူဆိုရင် တစ်ခုသုံးတိုင်း 7.5m တက်ပါမယ်။ Base က 750m ဖြစ်နေပြီလေ။
- စဉ်းစားကြည့်ဗျာ တစ်နေကုန်အပင်ပန်းခံပြီးကျင့် 3.5m တက်တာနဲ့ ငွေလေးရှာပြီး 7.5m တက်တာနဲ့ ဘယ်ဟာသာသလဲလို့။
- အဲလိုအခြေအနေရောက်သွားတဲ့အခါ Energy မတိုးဘူးဆိုတာ ဒါကိုပြောတာပေါ့။
- အမြဲ 7.5m ပဲတက်နေမှာမဟုတ်ဖူးနော်။ SE ၇၅ ခုသုံးပြီးတိုင်း ကိုယ့်ရဲ့ Stat ဟာ ၂ ဆတက်နေမှာပါ။
- ဒါကြောင့် ဒီအဆင့်ဟာ ငွေရှာတတ်ဖို့ အရမ်းလိုတဲ့အဆင့်ဖြစ်သွားပါတယ်။
- ငွေရှာကျွမ်းတဲ့လူနဲ့ ငွေမရှာတတ်သူနဲ့ အရမ်းကွာခြားသွားမယ့် အဆင့်ဖြစ်ပါတယ်။
မီးမလာ၍ အင်တာနက်ဆိုင်တွင် ထိုင်ရေးနေသည်။ လိုအပ်သည်များကို ဆက်လက်ထည့်သွင်းပေးပါမယ်။
No comments:
Post a Comment