E Stack aka Energy Stacking

E Stack တဲ့ အကြောင်းကောင်းကောင်းမသိသေးတဲ့ Member တွေက ရေးပါဆိုလို့ အားနေတာနဲ့ ရေးလိုက်ပါတယ်

E Stack aka Energy Stacking ဆိုတာဘာပါလိမ့် ?

ဒီ Energy Stacking ဆိုတာအရင်ကမရှိခဲ့ပါဘူး ချဒ်ဘန်းရဲ့ 2/10/2011 update အပြီးမှာ စတင် အသက်ဝင်ခဲ့တာပါ
အဲ့ မတိုင်ခင်အရင်ကဆို Energy ဟာ150 (maximum) ထက်ကျော်ပြီးရင် ပြန်ပြီး Reset ဖြစ်ပါတယ် အခု ဟတ်ပီး Reset ဖြစ်သလိုမျိုးပါ သူ့ရဲ့ Reset time က xx.10,xx20,xx30,xx.40,xx50,xx.00 ဖြစ်ပါတယ် Update အပြီးမှာတော့ Reset ပြန် မဖြစ်တော့ပဲ
ဒီအတိုင်းကျန်ခဲ့စေပါတယ် အဆိုပါအချိန်မှစပြီး Energy Stacking ဆိုတာဖြစ်ပေါ်လာခဲ့ပါတယ်ခင်ဗျာ တချိန်ထဲမှာပဲ ချဒ်ဘန်းဟာ MCS ကရတဲ့ Energyကို 500 ကနေ 300 ကိုလျှော့ချပြီး တန်ပြန်ထိမ်းချုပ်မှုတခု
ကိုပါ တခါထဲ ပြုလုပ်ခဲ့ ပါတယ်
အားလုံးမှတ်မိအုံးမယ်ထင်ပါတယ် အရင် Endurance Challenge မှာပါတဲ့ 20attack in 20 minutes Challenge အဲဒီအချိန်တုန်းက Energy Stack လို့မရတော့ တော်တော် ကြိုးစားပြီးလုပ်ရပါတယ် Job Points တွေသုံးရတာတို့ Points ကိုနှစ်ခါဆက် Refill သုံးနိုင်ဖို့ အချိန်တွက်ရတာတွေ FHC ကူရတာတွေပါ
ခုချိန်မှာတော့ 100 attack in 60 minutes လုပ်ရမယ်ဆိုရင်တောင်လွယ်သွားပါပြီ E Stack ခြင်းရဲ့ အကျိုးကျေးဇူးကြောင့်  ဖြစ်ပါတယ်

ကဲဟုတ်ပြီ E Stack တဲ့ဘက်ပြန်သွားလိုက်ရအောင် တိုတို ပဲပြောတော့မယ်နော် အဲဒီလိုမျိုး ကိုယ့် Energy တွေကို Gym ဝင်တာတို့ လူရိုက်တာတို့မလုပ်ပဲ Energy တွေကိုကျိတ်ပြီးစုတာကို Energy Stacking လို့ခေါ်ပါတယ်


Energy Stacking ဘယ်လိုလုပ်တာလဲ ?

ကဲ..ငါတော့ E Stack ချင်ပါတယ်ဘယ်လို Stack ရမှာလဲဆိုရင်တော့ လူသုံးအများဆုံးနည်းလမ်းက Xanax သုံးပြီး Stack တာပါ
သင့်မှာ နဂိုရှိတဲ့ Energy 150 ကို ကိုယ် Xanax သုံးလိုက်လို့ရတဲ့ Energy 250 ကပေါင်းပေးလိုက်ပါမယ် (အိုဒီမဖြစ်ခဲ့ဘူးဆိုရင်ပေါ့)
အဲဒီအခါမှာသင့်မှာ Energy ပိုမိုများလာပြီး Energy 400ဖြစ်သွားပါမယ် အဲဒီ Xanax After effect ကုန်ချိန်မှာထပ်ပြီး Xanax နောက်တလုံးထပ်သုံးပါမယ် Energy 650 ဖြစ်ပါမယ်
အဲလိုနဲ့ ကိုယ်အလိုရှိသလောက် တွေကိုစုသွားလို့ရမှာဖြစ်ပါတယ် (ကြိုက်သလောက် Stack ပါ OD မဖြစ်မခြင်း Stack လို့ရပါတယ်:)
အခြားနည်းတွေကဘာလဲဆိုရင်တော့ နို့ဆီဘူးတွေ ကျွဲရိုင်းတွေ
အစရှိတဲ့ Energy Drink တွေကိုထပ်သောက်ခြင်းဖြင့် Stack နိုင်ပါတယ် ပိုက်ပိုက်တော့လိုသပေါ့လေ
နောက်တခုရှိတာက သင့်မှာ MCS ရှိမယ်ဆိုရင် အဲဒီ့ ကရမယ့် Energy 300 ကိုမျှော်လင့်ပြီး ကိုယ့် လက်ရှိ Stack ထားတဲ့ Energy ကိုပေါင်းဖို့အတွက်ဆုတောင်းတာပါ
ကိုကိုချဒ်ရယ်မီးကို Energy ပေးပါ ပေးပါပေါ့ XP


ဟုတ်ပါပြီ Stack တာကတော့သိပြီငါလဲလိုက် Stack ပြီကွာဆိုပြီးတန်းပြီးမ Stack ပါနဲ့ အုံးအဲလိုစပြီး Energy Stack တော့မယ်ဆိုရင် အရင်ဆုံး သင့်မှာ Points Refill ကျန်သေးလားအရင်ကြည့်ပါ
မကျန်တော့ဘူးဗျ အိုကေ Xanax တလုံးကောက်ဆွဲပလိုက်တော့
Points Refill ကျန်သေးတယ် ဟိုးထား ဆရာ မလုပ်နဲ့အုံး သင့်မှာလက်ရှိ ရှိနေတဲ့ Energy ကိုအရင်ကုန်အောင်
Train လိုက်အုံး Special Gym တွေပွင့်နေလို့ Energy အစွန်းထွက်ဆိုရင် ထောင်ထဲကလူကယ်လိုက် ဒါမှမဟုတ် Can တွေသောက်ပြီးတော့ 25,50 Energy  ဖြစ်အောင်လုပ်လိုက်
အိုကေ ဖြစ်သွားပြီဆိုမှ Train ပြီးမှ Points နဲ့ Refill လုပ်လိုက် ပြီးရင် Xanax တစ်လုံးဆွဲ
Energy နဲ့ Points Refill မပုပ်အောင်ပါ အဲဒီ အစွန်းတွက်လေးတွေကိုပါလိုက်ဂရုစိုက်ပြီး Energy တွေကိုအလကား မဖြစ်ပါစေနဲ့

ဘယ်လိုလူတွေ Energy Stack ကြသလဲ

Faction Chain Seriously ဆွဲပေးကြတဲ့ မန်ဘာတွေ
WW Last Hour မှာလူအများကြီးဆက်တိုက်ရိုက် ချင်တဲ့ မြန်မာ Fighter တွေ
လူနာတွေ ကိုဆေးရုံ ကနေကယ်ထုပ်ပေးမဲ့ ဦးနှောက် ခွဲစိတ် ကုဆရာဝန်တွေ
သွားလိုက်ပြန်လိုက် မလုပ်ချင်ကြ တဲ့ အာဖရိက ရောက် မုဆိုးတွေ
Happy booster တွေသုံး ပြီး Stats ကိုဆွဲတင်ချင်တဲ့ Basic Stats နဲသေးတဲ့ Player တွေအများဆုံးအသုံးပြုကြပါတယ်

Energy Stacking မှအခြားဂရုပြုဖွယ်များ

Stack ထားတုန်း Points Refill လုပ်လို့မရပါ Refill Counter ကသဘောကောင်းပါတယ်
Energy ပြည့်နေတုံး Refill ရင် Your energy is already full ဆိုပြီးဘာမှမဖြစ် ပါဘူး
FHC ကတော့အဲလိုမဟုတ်ပါဘူး ဟိုတယ် လာတည်းတဲ့ သူကိုလက်မခံဘူးဆိုတာမရှိပါဘူး
ရှိသမျှ Energy အကုန်လုံး ပျောက်ပြီး Energy 150 နဲ့ ဟတ်ပီး 500 ပဲပေါင်းပေးမှာပါ
အဲလိုကုန်ပြီးမှ မတည်းချင်တော့ဘူးမလုပ်ပါနဲ့ မရပါဘူး


Very Good Combination of 2 Xanax Stack + 1 Vicodin +Point Refill

မနက်အိပ်ယာနိုးနိုး ချင်း သင် Xanax တလုံးစားလိုက်ပါ အချိန်က 8,9 AM ဝန်းကျင် ဆိုပါတော့
ပြီးရင် သွားချင်ရာသွား နေ့လည် 3PM ဝန်းကျင် မှာခဏ ပြန်ဝင် Xanax ထပ်စား
အိုကေ ဒီနေ့ အပြင်သွားတာများလို့ ပင်ပန်းသွားပြီ ဆိုပြီးအိမ်ပြန်လာ
ည 11,12 လောက်မှာ တီစီ ထဲဝင် WW အတွက်လူရိုက်မယ် ဆိုရင်
သင့် မှာ Energy 650 နဲ့ စတီးလို့ရပြီ
ကိုယ်ကညမအိပ်တတ်ဘူးဆိုပိုကောင်း အဲလိုရိုက်မယ်ဆိုရင်အနဲဆုံး 32 ချက်ရပါမယ်
အချိန်မကုန်ပါဘူး အဲအချိန်ဆို Connection ကလဲ လွှတ်ကောင်း
Normal Hits with Vicodin
သင်တနေကုန် Vico နဲ့ Energy တစက်မှမလွတ်အောင်ရိုက် မယ်ဆိုပါတော့
အားလုံးရိုက်နိုင်မှာ Points Refill အပါအဝင် 34 ချက် ပဲရှိပါတယ်
လုံးဝမအိပ်ပဲ 24hr လုံးရိုက်မှရမှာဖြစ်ပါတယ်

2 Xanax+1 Vicodin+Point Refill=32 hits+
Whole day glue wif chair and Hits = 34 hits

ဘာလို့ Energy တွေ Stack ကြလဲသူ့ရဲ့ကောင်းကျိုးကဘာတွေလဲ

Energy ဘာလို့ဒီလိုတွေ Stack ကြတာလဲဟင်ဆိုတော့ E အများကြီးရှိချင်လို့ပါ
ခု TC ရဲ့ Big War တွေမှာ E stack ခြင်းဟာဗျူဟာတစ်ခုအနေနဲ့ကိုပါဝင်လာပါတယ်
သူရိုက် ကိုယ်ရိုက် ဆိုင်ရိုက်တဲ့ အခါမှာ Energy များတဲ့ဘက်ကနိုင်ဖို့ပိုများပါတယ်
နောက်တစ်ခုက HOF Faction တွေကို E Stack ထားတဲ့ Faction ငယ် တွေကအမြန်ဝင်တီးသွားတာမျိုးတွေပါ
ခုဒီ WW မှာဆိုလဲ Energy Stack ခြင်းက နောက်ဆုံးနာရီမှာအမှတ်တွေကို အမြန်ယူဖို့အတွက်အရမ်းအရေးပါလာပါပြီ
နောက်တခုက ကိုယ်သိပ် Active မဖြစ်နိုင်တဲ့ အချိန် Faction အတွက်သော်၎င်း WW အတွက်သော်၎င်း လူရိုက်ပေးချင်တယ်
ချိန်းမှာလဲ ကြာကြီးဝင်မဆွဲနိုင်ဘူး ပြသနာ မရှိပါဘူး E Stack ပြီးသင်ဆွဲပေးနိုင်ပါတယ် Exiles မှာဆိုအဲလို ဆွဲတဲ့သူတွေပေါမှပေါ

Energy Stack ခြင်းရဲ့ ဆိုးကျိုးများ

ဟုတ်ကဲ့ ကောင်းကျိုးတွေ နဲ့ ဆိုးကျိုးတွေဟာ ဖိနပ်တရံလိုပဲ ဘေးချင်းကပ်ပြီး ဒွန်တွဲနေတက်တယ်ဆိုတဲ့
သိုးဆောင်းစကားပုံရှိပါတယ် ဒီတော့ကာ E Stack ခြင်းရဲ့ဆိုးကျိုးတွေကိုဆက်ကြည့်ကြရအောင်
ပထမဆုံး သင့်ရဲ့ အရမ်းတန်ဖိုးရှိတဲ့ Energy Regen တွေဆုံးရှုံးရပြီ
ကျွန်တော်က အရမ်း Active ဖြစ်ပါတယ်ဆိုတဲ့သူတွေပိုရင်ခံပြီပေါ့
သာမန်အတိုင်း ဆိုတနေ့ကို ပုံမှန် Energy 720 ရပါတယ်
Xanax တစ်နေ့ 3 လုံးနှုံးနဲ့ ပဲတွက်ကြည့်မယ် Energy Regen က 720 , 3 Xanax က 750
တရက်ကိုအားလုံးပေါင်း 1470 Energy အပိုင်ရပြီးသား
သင် Energy Stack ထားမယ်ဆိုရင် သင့်ရဲ့ Energy Regen လွတ်မယ် တရက်ကို Energy 750 တော့ အတုံးလိုက်အတစ်လိုက်ရမယ်
Points Refill လွတ်မယ်
အဲလိုဆုံးရှုံးရတာတွေ နစ်နာရတာတွေရှိလို့ Energy လုံးဝ မ Stack နိုင်ဘူးဗျာဆိုတဲ့ တွေလဲများကြီးမြင်ဘူးပါတယ်
ဒီကြားထဲ OD ရင်ရှိတာလေးပြောင်ရော
အိုဒီ ဆိုလို့ ကျွန်တော်ကြုံတုန်း အဲ့ အကြောင်းပြောချင်ပါတယ်
တချို့က Xanax ကိုဘယ်လို သုံးရင် မဖြစ်ဘူးတို့ ရီဟဘ် ပုံမှန်လုပ်ရင် OD မဖြစ်တာတို့ပြောကြတယ်
ပြောတာတွေက အစုံပဲ Display Cabinet ထဲကယူသုံးရင်မဖြစ်တာတဲ့ Xanax သုံးနေကြအချိန်မှာသုံးရင် OD မဖြစ်ဘူးတို့ ဆေးရုံ သို့မဟုတ် ထောင်ထဲကသုံးရင်မဖြစ်ဘူးတို့ တခြားဟာတွေလဲရှိသေးတယ်
အဲဒါတွေအားလုံးဟာ တိုက်ဆိုင်မှု ဖြစ်ကောင်းဖြစ်မယ် ဒါပေမယ့် အဲလိုထင်တဲ့ သူတွေအကုန်လုံး အဲလိုတွေလုပ်ပြီး OD ဖြစ်ဘူးကြပါတယ် ... အဲလိုတွေလုပ်လို့ OD မဖြစ်ဘူးတဲ့ သူမရှိပါဘူး
OD မဖြစ်ချင်ရင် ခြောက်လကျော်လောက်အလုံး ငါးရာကျော်စားပြီး တစ်ခါမှမဖြစ်တာမျိုး ဖြစ်ချင်ရင်လဲ ရှစ်လုံးလောက်ဆက်တိုက်ဖြစ်တက်ပါတယ်
ဒါကြောင့် OD ဟာလုံးဝ Random ပါ လုပ်ယူလို့ မရဘူး ရှောင်လွှဲလို့လဲမရပါဘူး

No comments:

Post a Comment

https://www.facebook.com/groups/293070797470502/

Playing TC In Stages

ကျွန်တော်တို့ မြန်မာတွေ တီစီကို ရူးရူးမူးမူးဆော့ကြတာ လူတိုင်းအသိပါ။

ရူးရူးမူးမူးဆော့သလောက်လဲ ပြောင်မြောက်ကြပါပေတယ်။

ဒါပေမယ့် လူနည်းစုတစ်ချို့လောက်ပဲ သေချာနားလည်ပြီးတော့ လူအများစုက ယေဘုယျကစားတတ်ရုံပဲ ဖြစ်နေတာ တွေ့ရတယ်။

ဒါကြောင့် ကျွန်တော်သိတဲ့ ကျွန်တော်ကိုယ်တိုင်လဲ ကစားနေကျ တီစီကစားပုံ (မာလ်တီမဟုတ်) ကို နည်းနည်းမျှဝေချင်ပါတယ်။

နိဒါန်း

- တီစီအကောင့်တစ်ခု စဖွင့်ပြီဆိုတာနဲ့ ကိုယ့်အကောင့်လေးကို သံယောဇဉ်ရှိသွားတာ တီစီကစားသမားတိုင်းရဲ့ ခံစားချက်တစ်ခုပါပဲ။

- သံယောဇဉ်ရှိတာနဲ့အမျှလဲ ကိုယ့်အကောင့်လေးကို ဂျွတ်ချင် ကြမ်းချင်ကြတာ ဘယ်ဆန်းမလဲဗျာ။

- ဒါပေမယ့် Rule မညီတာတွေ အသုံးပြုပြီး Cheat လုပ်ပြီး ဂျွတ်တော့ ဆော့အလကားကြီးဖြစ်ပြီး Federal Jail ကျကုန်ကြတာပေါ့။

- ဒါကြောင့် တတ်နိုင်သလောက် (တကယ်တတ်နိုင်သလောက်) Rule နဲ့ မငြိအောင် အကောင်းဆုံးဘယ်လိုဆော့ကြမယ်ဆိုတာလေး ပြောပြပေးမယ်။

ပထမအဆင့် (ကလေးဘဝပေါ့)

- အကောင့်လေးတစ်ခုစဖွင့်မယ် (ကိုယ့်ရဲ့ မိန်းအကောင့်လေးပေါ့)။

- အကောင့်ဖွင့်ဖွင့်ချင်းလိုအပ်တာတွေကတော့ နေစရာအိမ်ကောင်းကောင်း၊ ဒိုနေတာပက်၊ နေတိုင်းသုံးဖို့ ဆေးနဲ့ ပွိုင့်တွေပါပဲ။

- ဒါတွေကို Rule နဲ့ မငြိအောင် ဘယ်လိုထောက်ပံမလဲဆိုတာ ရှင်းပြပေးပါမယ်။

- ပထမဆုံး နေစရာအိမ်ကို ရှိပြီးသား သူငယ်ချင်း (သို့) ကိုယ့်ရဲ့ တစ်ခြားအကောင့်လေးနဲ့ ယူပြီးထောက်ပံ့လို့ရပါတယ်။

- ဒုတိယအနေနဲ့ ဒိုနေတာပက်။ ဒါကတော့ ရှယ်ယာပေးလို့မရတဲ့အတွက် ပို့ပေးမှပဲ အဆင်ပြေပါတယ်။ ပို့တဲ့အခါမှာ ဟန်းတင်းမဟုတ်သော မာလ်တီအကောင့်တွေကနေ ငွေလွှဲထားခြင်းမရှိသော ငွေဖြူငွေသန့် (ခေါ်) ကိုယ်တိုင်ရိုးရိုးသားသားရှာထားတဲ့ငွေနဲ့ ဝယ်ပေးတဲ့ ဒိုနေတာပက်ဆိုရင် Federal Jail မကျနိုင်ပါဘူး။

- တတိယကတော့ ဆေး နဲ့ ပွိုင့်တွေပါပဲ။ အဲတာတွေက အခုဆိုရင် ဖက်ရှင်ကနေယူသုံးလို့ရနေပါပြီ။ အဲဒီအတွက် ဘာပြသနာမှမရှိပါဘူး။ အဲလိုအထောက်အပံ့မရှိရင်တော့ လယ်ဗယ် ၁၅ ရောက်တဲ့အခါ ကိုယ်တိုင်ပန်းသယ်ပြီး သုံးရမှာပါ။

- အဲဒီ အခြေခံ ၃ ခု ပိုင်ဆိုင်သွားပြီဆိုရင်တော့ Battle Stats ကျင့်ဖို့ လုံလောက်သွားပါပြီ။

- ထပ်ပြီး ကွန့်နိုင်တာကတော့ Steadfast ကောင်းတဲ့ Faction မှာနေမယ်။ သုံးနိုင်သလောက် DVD & FHC တွေသုံးမယ်။

- အဲလို Luxury ခေါ် ဇိမ်ခံအဆင့်တွေပါလုပ်နိုင်ရင် အကောင့်က ပိုကြမ်းတာပေါ့ဗျာ။

- Battle Stats ဘာအတွက်ကျင့်လဲဆိုတော့ Attacking အတွက် ကျင့်ပါတယ်။

- မြန်မာအများစုဟာ လူရိုက်ရမှာ အလွန်နှမြောပါတယ်။

- ကလေးဘဝမှာ Mugging လုပ်နိုင်တဲ့ Battle Stats ရောက်အောင်ကျင့်ပြီးရင် လူရိုက်ပြီး ငွေလုရပါမယ်။

- လူရိုက်နိုင်တဲ့ ပျမ်းမျှ Battle Stats ဟာ Strength 100m + Speed 100m ဖြစ်ပါတယ်။

- အဲဒီ Stat ကိုရောက်တဲ့အခါမှာ ကလေးဘဝကနေ လူကြီးဘဝ ဝင်လာပါပြီ။

ဒုတိယအဆင့် (လူရမ်းကားဘဝ)

- တီစီဟာ Crime Game ဖြစ်ပါတယ်။ Gym ကျင့် ငွေရှာသက်သက်ဆိုရင် ပျော်စရာမကောင်းပါဘူး။

- ဒါကြောင့် ကလေးဘဝကနေ လူလတ်ပိုင်း လူရမ်းကားဘဝလေးကို ဘယ်လိုဖြတ်သန်းမလဲ ဆက်ပြီး ပြောပြပါမယ်။

- သင့်ကလေးလေးရဲ့ Battle Stats ဟာ အထက်မှာ ပြောထားတဲ့ အခြေအနေလေးကို ရောက်ပြီဆိုရင် သင်ဟာ လူရမ်းကား လူမိုက် လူစွာ လုပ်လို့ရပါပြီ။

- ဒီအသက်အရွယ်မှာ Battle Stats ကျင့်တာနဲ့ ငွေရှာတာဟာ အချိုးတူ အရေးကြီးပါတယ်။

- ငွေရှိရင် FHC ဝယ်သုံးလို့ရပါတယ်။ FHC တစ်စောင်ဟာ အချိန် ၅ နာရီနဲ့ ညီမျှပါတယ်။

- ဒါကြောင့် ငွေရှာကောင်းသူတွေဟာ တစ်နေ့မှာ သူများထက် နာရီ ၂၀ အပိုရပါတယ်။

- ငွေရှာပုံရှာနည်း အများကြီးရှိပါတယ်။

- Trading, Stock Market, Mugging, Blackjack, Poker, Bookie, etc တွေပါပဲ။

- ကိုယ်သန်ရာ သန်ရာနဲ့ ရှာနိုင်ပါတယ်။ အရေးကြီးတာကတော့ လောဘမကြီးဖို့ပါပဲ (အဲတာကလဲ ကိုယ်တိုင်တောင် လုပ်ဖို့ခဲယဉ်းပါတယ် အဟီး)

- အလွယ်ဆုံးငွေရှာနည်းကတော့ Mugging ပါ။ သူက အင်နာဂျီကလွဲပြီး ကိုယ်အတွက် အရှုံးမရှိပါဘူး။

- Mugging အတွက်ကတော့ ပိုးပိုးရေးထားတဲ့ Advanced Mugging အကြောင်းကို ဖတ်ကြည့်လိုက်ပါ။

- လူရမ်းကားဘဝမှာ ကျန်တဲ့ Stat နှစ်ခုဖြစ်တဲ့ Dex & Def ကို ဆက်ပြီးဆွဲတင်ပါမယ်။

- Dex ကတော့ လူရိုက်ရင် Someone ပေါ်မယ်။ ကိုယ့်ကိုလာရိုက်ရင် Defend Win လေးတွေရမယ်။

- Def ကတော့ ကိုယ်က သူများကိုသွားရိုက်ရင် Damage Block တဲ့အတွက် Mugging & Chaining မှာ သာပါတယ်။

- အဲဒီ Stat နှစ်ခုထဲက တစ်ခုကို 500m (or) 750m ကိုဆွဲတင်ပြီးသွားတဲ့အချိန်မှာ လူကြီးပိုင်းဘဝကို ရောက်ပါတယ်။

တတိယအဆင့် (လူကြီးပိုင်း ခေါ် အငမ်းမရ ငတ်ကြီးကျတဲ့အရွယ်ပေါ့)

- အင်နာဂျီအကုန်သုံးပြီး တစ်နေ့တာ Gym ကျင့်တာ ပျမ်းမျှ 3.5m လောက်တက်ပါတယ်။

- အဲလိုမသုံးပဲ ငွေလုပြီး Stat Enhancer သုံးနိုင်တဲ့သူဆိုရင် တစ်ခုသုံးတိုင်း 7.5m တက်ပါမယ်။ Base က 750m ဖြစ်နေပြီလေ။

- စဉ်းစားကြည့်ဗျာ တစ်နေကုန်အပင်ပန်းခံပြီးကျင့် 3.5m တက်တာနဲ့ ငွေလေးရှာပြီး 7.5m တက်တာနဲ့ ဘယ်ဟာသာသလဲလို့။

- အဲလိုအခြေအနေရောက်သွားတဲ့အခါ Energy မတိုးဘူးဆိုတာ ဒါကိုပြောတာပေါ့။

- အမြဲ 7.5m ပဲတက်နေမှာမဟုတ်ဖူးနော်။ SE ၇၅ ခုသုံးပြီးတိုင်း ကိုယ့်ရဲ့ Stat ဟာ ၂ ဆတက်နေမှာပါ။

- ဒါကြောင့် ဒီအဆင့်ဟာ ငွေရှာတတ်ဖို့ အရမ်းလိုတဲ့အဆင့်ဖြစ်သွားပါတယ်။

- ငွေရှာကျွမ်းတဲ့လူနဲ့ ငွေမရှာတတ်သူနဲ့ အရမ်းကွာခြားသွားမယ့် အဆင့်ဖြစ်ပါတယ်။

မီးမလာ၍ အင်တာနက်ဆိုင်တွင် ထိုင်ရေးနေသည်။ လိုအပ်သည်များကို ဆက်လက်ထည့်သွင်းပေးပါမယ်။

TC Icon များ နဲ့ သူတို့ ရဲ့ အဓိပ္ပါယ်

Torn City မှာ register လုပ်ပြီးရင်တော. မေလ်းမှာ activate လုပ်ပြီး အတည်ပြုပေးရပါမယ်။ Register လုပ်ပြီးတာနဲ.

သင်ဟာဂိမ်းထဲကိုေ၇ာက်သွားပါပြီ။ New User တစ်ယောက်အနေနဲ.ဂိမ်းမှာ သိသင်.တာလေးတွေ တင်ပြထားပါ.မယ်။

ပထမဆုံးဂိမ်းထဲက အိုင်ကွန်လေးတွေ အကြောင်းအကုန်သိထားရမယ်။ ဒါမှလည်း ဘယ်သူတွေကဘာ ဘယ်လိုဆိုတာနား

လည်မှာဖြစ်တယ်။ အိုင်ကွန်လေးတွေကို မိမိ user name ရဲ.အပေါ်ဖက်နားမှာတွေ. ရမှာဖြစ်တယ်။

ဒီအိုင်ကွန်လေးကတော. User ဟာမိန်းခလေးဖြစ်တယ်လို.ဆိုလိုတယ်။

ဒီအိုင်ကွန်ကတော. User ဟာယောက်ျားလေးဖြစ်တယ်လို.ဆိုလိုတယ်။

ဒီအိုင်ကွန်ကတော. User ဟာ Donator ဖြစ်တယ်လို.ဆိုလိုတယ်။

User ဟာ Army မှာအလုပ်လုပ်နေတယ်လို.ဆိုလိုတယ်။

User ဟာကျောင်းဆရာတစ်ယောက်ဖြစ်တယ်။

User ဟာကုန်သည်တစ်ယောက်ဖြစ်တယ်။

User ဟာဥပဒေ အရာရှိ.တစ်ယောက်ဖြစ်တယ်။

User ဟာဆေးရုံမှာအလုပ်လုပ်သူဖြစ်တယ်။

တစ်စုံတစ်ဥိးနှင်.လက်ထပ်ထားသူဖြစ်တယ်။

Fashion တစ်ခုခုထဲကိုဝင်ထားတယ်။

Game ထဲမှာသင်တက်နေသောဘာသာရပ်နဲ.ရက်စွဲကိုဖော်ပြထားတယ်။

သင်.မှာအားနည်းနေတယ် သွေးအားနည်းနေတယ်ဆိုတာကိုဖော်ပြတာဖြစ်တယ်။

ဘဏ်မှာ ပိုက်ဆံအပ်ထားတာကိုဖော်ပြတာဖြစ်တယ်။

ငွေတိုးချေးသူတွေဆီကနေ ပိုက်ဆံချေးထားသူဖြစ်တယ်။

User ဟာ တွန်းစီးတီးရဲ. အကူ Staffs တွေထဲကတစ်ယောက်ဖြစ်တယ်။

User ဟာမူးယစ်ဆေးသုံးနေတယ်။

Torn City radio နားထောင်နေတယ်။

User ဟာဆေးရုံရောက်နေတယ်။

User ဟာထောင်ကျနေတယ်။

User ဟာ online ဖြစ်နေတယ် လက်ရှိ.အသုံးပြုနေတယ်။

User ဟာ online ပေါ်မှာမရှီ.ဘူး။

နောက်ပြီးတော. Forum နဲ.ပါတ်သက်တဲ.အိုင်ကွန်လေးတွေအကြောင်းဆက်ပြောရအောင်။

ဒီအိုင်ကွန်လေးကတော.ဖိုရမ်မှာဆိုရင် admin တွေ staffs တွေတင်ထားတာဖြစ်တယ်။ fashion တွေနဲ.company

တွေမှာတော. leader တွေ ကုမဏီပိုင်ရှင်တွေ တင်ထားတာဖြစ်တယ်။

Post ကို ပိတ်လိုက်တာဖြစ်တယ်။

လုံးဝပိတ်ပင်လိုက်တာဖြစ်တယ်။

တစ်ယောက်ယောက်က new post တင်သွားတာပဲဖြစ်ဖြစ်ကွန်မက်ပေးသွားလို.ပဲဖြစ်ဖြစ်စာတမ်းအပြာရောင်နဲ.

ဖော်ပြထားတယ်။

ထောက်ခံသော votes ပေးတယ်။

ရေးသားချက်ကို ကန်.ကွက်တယ်။

ဖိုရမ်ရဲ. အပေါ်မှာ လက်မထောင်ထားတဲ.အိုင်ကွန်လေးနဲ. လက်မအောက်စိုက်ထားတဲ.အိုင်ကွန်လေးကတော. ဖိုရမ်ရေး

တဲ.ပို.စ်ကို လက်ခံတယ်ကြီုက်တယ်ဆိုရင် လက်မထောင်တဲ. rate လေးပေးမယ် ။ မကြီုက်ဖူးဆိုရင် လက်မအောက်စိုက်

ထားတဲ. rate လေးပေးမယ်။

Forum မှာ post အသစ်တစ်ခုတင်တယ်ဆိုရင် +5 rate ရမယ်။

တစ်ယောက်ယောက်ကကြီုက်တယ်လို. vote ပေးရင် +1 rate

မကြီုက်ဖူးလို. vote ပေးရင်တော. -1 rate

ဖိုရမ်က သင်.ကွန်မက်ကို staffs တစ်ယောက်က delete ပေးမယ်ဆိုရင် -10 rate

သင်.post ကို staffs တစ်ယောက်က delete ပေးမယ်ဆိုရင် -10 rate

သင်.post ကို staffs တစ်ယောက်က delete ပေးသွားမယ်ဆိုရင် -50 rate

သင်.ပို.စ်နေရာအရွေှ့.ခံရမယ်ဆိုရင် -20 rate

အောက်ကအိုင်ကွန်လေးတွေကတော. သင်ရဲ. လုပ်ဆောင်ချက်တွေအလိုက်ရထားတဲ. awards တွေဖြစ်တယ် ။ဒီ awards

တွေဘာလို.ရလည်းဆိုတာတော. awards pages မှာဆက်ဖတ်ရပါမယ်။