ပထမဆုံး Racing လုပ်ဖို့ Racing License ကို 50 Points နဲ့ လဲဖို့ လိုအပ်ပါတယ်။
အဲဒီလို လဲလိုက်ပြီဆိုရင် City ထဲမှာ Race Track ဆိုတဲ့ Link ပေါ်လာပါမယ်။
Racing လုပ်ဖို့ လိုင်စင်ရပြီဆိုရင် ကိုယ်ကြိုက်နှစ်သက်တဲ့ကားကို စာရင်းသွင်းပြီးတော့ ဝင်ပြိုင်နိုင်ပါပြီ။
Racing event တစ်ခုထဲကို ဝင်လိုက်ပြီဆိုတာနဲ့ ပြိုင်ပွဲမပြီးမချင်း ခရီးသွားလို့ မရပါဘူး။
Racing အကြောင်းမှတ်သားစရာများ
Official Race Events
- Official race တွေကို ပြိုင်မှသာလျှင် Racing Points တွေ ရပါမယ်။
- နိုင်လို့ရတဲ့ Racing points တွေပေါ်မူတည်ပြီး Racing Rank တက်ပါတယ်။
- ပထမရရင် ၃ ပွိုင့်၊ ဒုတိယရရင် ၂ ပွိုင့်၊ တတိယရရင် ၁ ပွိုင့် ရပါမယ်။
- Class E ကနေ Class A ထိ ၅ ဆင့်ရှိပါတယ်။ ဒါ့ကြောင့် Car တွေရဲ့ Class ကလဲ ၅ မျိုးရှိပါတယ်။
- စုစုပေါင်း Racing Points ၂၅ ပွိုင့် ရပြီးသွားလျှင် Class E ကနေ Class D ကို တက်ပါမယ်။
- စုစုပေါင်း Racing Points ၁၀၀ ပွိုင့် ရပြီးသွားလျှင် Class D ကနေ Class C ကို တက်ပါမယ်။
- စုစုပေါင်း Racing Points ၂၅၀ ပွိုင့် ရပြီးသွားလျှင် Class C ကနေ Class B ကို တက်ပါမယ်။
- စုစုပေါင်း Racing Points ၄၇၅ ပွိုင့် ရပြီးသွားလျှင် Class B ကနေ Class A ကို တက်ပါမယ်။
- Official race ပြိုင်ပွဲ တစ်ပွဲကို ပျမ်းမျှ ၁ နာရီကြာပါတယ်။
- Official race ကိုပြိုင်ဖို့ စာရင်းပေးပြီးမှ Leave လုပ်လိုက်ရင် ပြန်ဝင်ဖို့အတွက် ၁၅ မိနစ် စောင့်ရပါမယ်။
Custom Race Events
- Custom race တွေကတော့ Racing Skill တက်ဖို့နဲ့ လောင်းကြေးထပ်ပြိုင်ဖို့ သက်သက်ပါ။
- Custom race တွေကို ပြိုင်ခြင်းဖြင့် Racing Points တွေမရပါဘူး။
- Custom race မှာ လူ ၁၀၀ ထိ ပြိုင်နိုင်ပါတယ်။
- Custom race ကို Same IP အချင်းချင်းလဲ လောင်းကြေးထပ်နိုင်ပါတယ်။
- Custom race ကိုပြိုင်ဖို့ စာရင်းပေးပြီးမှ Leave လုပ်ရင်လဲ ချက်ချင်း ပြန်ဝင်နိုင်ပါတယ်။
Race Tracks
ကားပြိုင်းကွင်း ၆ ကွင်းရှိပါတယ်။ အဲဒီကွင်းတွေကတော့..
- Dartford Speedway
- Intercity Cruise
- Red Light Circuit
- Docklands Sprint
- Stone Park
- Shearwater တို့ ဖြစ်ပါတယ်။
- ကွင်း အမျိုးအစားပေါ်မူတည်ပြီးတော့ ပြိုင်ပွဲဝင်ရမယ့် ကားအမျိုးအစားလဲ ကွာသွားပါတယ်။
- လမ်းအမျိုးအစား ၂ မျိုးရှိပါတယ်။ ကတ္တရာလမ်း Tarmac နဲ့ မြေလမ်း Dirt တို့ပါ။
- ပုံမှာတော့ အနီရောင် နဲ့ အညိုရောင်ဆိုပြီးခွဲနိုင်ပါတယ်။ အနီရောင်က Tarmac ဖြစ်ပြီး အညိုရောင်က Dirt ဖြစ်ပါတယ်။
- ကွင်း ၆ ကွင်းမှာလဲ သူ့ထူးခြားချက်နဲ့သူရှိပါတယ်။
- Dartford Speedway ကတော့ Tarmac သီးသန့်ပါ။ လမ်းဖြောင့်ဖြစ်တဲ့အတွက် Top Speed များတဲ့ကားက နိုင်ပါမယ်။
- Intercity Cruise ကလည်း Tarmac သီးသန့် ဖြစ်ပါတယ်။ အကွေ့များတဲ့အတွက် Acceleration များတဲ့ကားက နိုင်ပါမယ်။
- Red Light Circuit ကတော့ Tarmac ပိုများပြီး Dirt နည်းနည်းပါတဲ့ ကွင်းပါ။
- Dockland Sprint ကတော့ Tarmac & Dirt ရောထားတဲ့ကွင်းပါ။
- Stone Park ကတော့ Dirt ပိုများပြီး Tarmac နည်းနည်းပါတဲ့ ကွင်းပါ။
- Shearwater ကတော့ Dirt သီးသန့်ဖြစ်ပါတယ်။ လမ်းကြမ်းမောင်းဖို့ Upgrade လုပ်ထားတဲ့ကားက နိုင်ပါမယ်။
Upgrading Class A Cars (Maximum)
Class A မှာ ပြိုင်ဖို့အတွက် ကားတွေကို Upgrade မြှင့်မယ်ဆိုရင် အနိုင်ရဖို့ အခွင့်အရေးများတဲ့ ကား ၃ စီးရှိပါတယ်။
- Lexux LFA (Dartford Speedway)
- Ferrari 458 (Intercity Cruise)
- Honda NSX (Shearwater) တို့ ဖြစ်ပါတယ်။
Maximum Upgrade လုပ်ဖို့အတွက် 311 Racing Points လိုပါတယ်။ ဒါကြောင့် Class A မရောက်ခင်မှာ Racing Points တွေကို တတ်နိုင်သမျှ ခြွေတာခဲ့ဖို့ အရေးကြီးပါတယ်။
Class A အတွက် ကားကို Max Upgrade လုပ်မယ်ဆိုရင် Ferrari & Honda NSX ကို ညွှန်းချင်ပါတယ်။
သူတို့ ၂ စီးက သူတို့ရဲ့ကွင်းတွေမှာဆိုရင် အနိုင်ရတာများပါတယ်။ Upgrade မြှင့်တာကတော့ အားလုံးကို အကောင်းဆုံးတွေချည်း မြှင့်ရမှာဖြစ်ပါတယ်။ ကွာခြားသွားတဲ့နေရာကတော့...
Ferrari 458 ကို မြှင့်မယ်ဆိုရင် Acceleration နဲ့ Tarmac များတဲ့ Upgrade တွေကို ရွေးပြီးမြှင့်ရမှာဖြစ်ပါတယ်။ Ferrari 458 ကတော့ Intercity Cruise ကွင်းအတွက် Special Car ပါ။ Dockland Sprint နဲ့ Red Light Circuit ကွင်းတွေမှာလဲ အနိုင်ရတတ်ပါတယ်။
Honda NSX ကို မြှင့်မယ်ဆိုရင် Top Speed နဲ့ Dirt များတဲ့ Upgrade တွေကို ရွေးပြီးမြှင့်ရမှာဖြစ်ပါတယ်။ Honda NSX ကတော့ Shearwater ကွင်းအတွက် Special Car ပါ။ Stone Park နဲ့ Red Light Circuit ကွင်းတွေမှာလဲ အနိုင်ရတတ်ပါတယ်။
Full upgrade မြှင့်ထားတဲ့ကားတွေ များများပိုင်လေ ကောင်းလေပါပဲ။ အဲလိုပိုင်ဖို့အတွက် Racing Points တွေ များများရဖို့လိုပါတယ်။ ဒါကြောင့် Ferrari 458 or Honda NSX နဲ့ စပြိုင်ဖို့ ညွှန်းရတာဖြစ်ပါတယ်။ အဲဒီ ၂ စီးထဲက တစ်စီးနဲ့ စပြိုင်ပြီး Racing Points တွေစု.. ပြီးရင် နောက်တစ်စီး ဆင်ဖို့ ကြိုးစားရမှာပါ။ ပေါက်ကရကားတွေကို လျှောက်မြှင့်ပြီး Class A မှာ ယောင်လည်လည်နဲ့ ဖြစ်နေမှာထက်စာရင် ကိုယ့်ကွင်းလာရင် ကိုယ်ဆရာဖြစ်မယ့် ကားလေးတွေကို မြှင့်စေချင်ပါတယ်။ အနိုင်ရမှ Racing Points တွေရမှာ မို့လို့ပါ။
အသုံးဝင်မယ့် အချက်လေးများ သိရှိပါက Share ပေးစေလိုပါသည်။
ဆက်လက်ရေးသားပါမည်။ :D

ဒီအိုင်ကွန်လေးကတော. User ဟာမိန်းခလေးဖြစ်တယ်လို.ဆိုလိုတယ်။
ဒီအိုင်ကွန်ကတော. User ဟာယောက်ျားလေးဖြစ်တယ်လို.ဆိုလိုတယ်။
ဒီအိုင်ကွန်ကတော. User ဟာ Donator ဖြစ်တယ်လို.ဆိုလိုတယ်။
User ဟာ Army မှာအလုပ်လုပ်နေတယ်လို.ဆိုလိုတယ်။
User ဟာကျောင်းဆရာတစ်ယောက်ဖြစ်တယ်။
User ဟာကုန်သည်တစ်ယောက်ဖြစ်တယ်။
User ဟာဥပဒေ အရာရှိ.တစ်ယောက်ဖြစ်တယ်။
User ဟာဆေးရုံမှာအလုပ်လုပ်သူဖြစ်တယ်။
တစ်စုံတစ်ဥိးနှင်.လက်ထပ်ထားသူဖြစ်တယ်။
Fashion တစ်ခုခုထဲကိုဝင်ထားတယ်။
Game ထဲမှာသင်တက်နေသောဘာသာရပ်နဲ.ရက်စွဲကိုဖော်ပြထားတယ်။
သင်.မှာအားနည်းနေတယ် သွေးအားနည်းနေတယ်ဆိုတာကိုဖော်ပြတာဖြစ်တယ်။
ဘဏ်မှာ ပိုက်ဆံအပ်ထားတာကိုဖော်ပြတာဖြစ်တယ်။
ငွေတိုးချေးသူတွေဆီကနေ ပိုက်ဆံချေးထားသူဖြစ်တယ်။
User ဟာ တွန်းစီးတီးရဲ. အကူ Staffs တွေထဲကတစ်ယောက်ဖြစ်တယ်။
User ဟာမူးယစ်ဆေးသုံးနေတယ်။
Torn City radio နားထောင်နေတယ်။
User ဟာဆေးရုံရောက်နေတယ်။
User ဟာထောင်ကျနေတယ်။
User ဟာ online ဖြစ်နေတယ် လက်ရှိ.အသုံးပြုနေတယ်။
User ဟာ online ပေါ်မှာမရှီ.ဘူး။
No comments:
Post a Comment